Friday, May 9, 2014

အဖိတ်အစင်များတဲ့စကားလုံးတွေနဲ့ ညနေကို ပွေ့ဖက်ခဲ့တဲ့အိပ်မက်

     စည်းဝါးနရီတွေနဲ့ကိုက်ခဲ့တဲ့ည။ မသေချာပါဘူးဆိုလည်း ဆက်သွားချင်ရင်ဆက်သွားပေါ့။ဘာမှပြော
စရာမရှိတော့ပါဘူး။ ညနေညိုရီကိုမှ ဂရုမစိုက်တတ်တော့လည်း ဘယ်တတ်နိုင်မလဲ။ စံပယ်ရနံ့တစ်ခုတစ်
လေတောင် မစိုစွတ်ခဲ့ရဘူး။ ဝေးသွားပြီဆိုမှတော့ ဘာကို ဆက်လွမ်းရမလဲ။ မသိတော့ ။ တကယ့်ကို မသိ
တတ်ခဲ့တော့တာပါ။ လွန်လွန်ကျူးကျူးတွေကို မလွန်ကျူးဖို့ ဘာများ ဆက်ပြောဖို့လိုအပ်မလဲ ။ အဲဒီ့ညတုန်းကတော့ သူမဟာ လူတစ်ယောက်မဟုတ်ဘူးလို့ ငြင်းခဲ့ဖို့ကောင်းတာပေါ့ ။ခုတော့ သူမဟာ
မိန်းမတစ်ယောက်ဖြစ်နေမှန်းမသိ ဖြစ်နေလေတော့တယ်။ သိပ်တော့လည်း အဆင်မပြေပါဘူး။
သူမဘာတွေကို ကြိုက်တတ်မှန်း အမှန်တကယ် ကျွန်တော်မသိခဲ့ပါဘူး ။ကျွန်တော်သိခဲ့တာက သူမဟာ
ဒါဝင်ရဲ့ သီအိုရီအရ မျောက်တစ်ကောင်ဖြစ်ခဲ့တယ်ဆိုတာပါပဲ ။

    မျောက်တွေ အငြိမ်မနေတတ်တာ ကျွန်တော်ကောင်းကောင်းသိပါတယ်။ သူမကိုတော့ မျောက်လို့မထင်
မိတဲ့အတွက် ကျွန်တော်မှားခဲ့ပါတယ်။ အမှန်ဆို အစကတည်းက သိသင့်တာပေါ့။ ဗျူ ဟာတွေ မာယာအသေတွေအကြောင်းလောက်တော့ ။အကြမ်းဖျင်း သူမဟာ လူတစ်ယောက်မဟုတ်ဘူးဆိုတာ
လောက်ပေါ့။

      ထားပါတော့ ။ဧပြီရဲ့နွေတွေကိုလည်း ထားခဲ့ပါတော့ ။ဘာမှရစရာမကျန်တော့တဲ့ ငါ့အတိတ်တွေကို
လည်း ထားလိုက်ပါတော့ ။အခြေအနေအရ ပူရာပူကြောင်းတွေကိုလည်း ထားခဲ့ပါတော့။ ထားစရာရှိတာ
တွေ အကုန်လုံးတတ်အားသမျှ ထားခဲ့ပါတော့ ။

    အဦးအဖျားသည် အဦးအဖျားဖြစ်အံ့။ ကောင်းလင့်တည်း ကောင်းလင့်တည်းဟု အိုကြာဖြူက မိန့်လေ
သည်။ ကျောက်စာသည် လိုအပ်တာထက် ပို၍ ကျိန်တိုက်လေသည်။

   ညအခါ လသာသာတွေထဲမှာ မထွေးဖမ်းမိတာ ကျွန်တော့်အပြစ်ဖြစ်လေသည်။



လင်းသွေးအိမ်၊တောင်ပေါ်မြေ၊

No comments:

Post a Comment