Saturday, May 10, 2014

အရင်လိုတွေပဲ ညတွေဟာလတ်ဆတ်နေတုန်းပဲ

မမျှော်လင့်မိပါဘူး
ဘ၀ဟာ ဆတ်ကော့လက်ကော့နိုင်တတ်မှန်း
အိပ်မက် တစ်ကီလိုထက်ပိုသော အလွမ်းလတ်လတ်ဆတ်ဆတ်တွေ
ဒီမှာ လိုသလောက်ရနိုင်တယ်
အဝေးက လေလှိုင်းတွေထဲမှာ
သံယသလှိုင်းတွေမပါရင် သိပ်ကောင်းမယ်
ငါဟာ လူလိမ္မာတစ်ယောက်တော့မဟုတ်ခဲ့ပါဘူး
အပေအတေတစ်ယောက်ရဲ့ နောက်ဆုံးအိပ်မက်ဟာ
အဲဒီလောက်တော့ မကပ်သတ်ခဲ့ပါဘူး
မိုးတိမ်တွေထဲက မိုးတိမ်တစ်ပွင့်ပါပဲ
မသေချာခဲ့တာ သေချာသလိုလိုနဲ့
ရုတ်တရက် မင်းဖွင့်ပြောလိုက်တော့
ငါ့ခမျာ သွေးတော့မပျက်သွားခဲ့တာကိုပဲ ကျေးဇူးတင်ပါ
လမ်းဆုံဟာ ...
အဲဒီ့မှာ မင်းလို တော့ ဟက်တက်ကွဲမသွားခဲ့ဘူး
မေ့မေ့နေတဲ့ မသိကျိုးကျွံမှုတွေအတွက်
ခွင့်မလွှတ်လိုက်ပါနဲ့
လေတိုက်သံကြားတိုင်း မုန်တိုင်းတစ်ခုမဟုတ်နိုင်တာ
သိဖို့ကြိုးစားချင် ကြိုးစားပါ
မကြိုးစားချင်လည်း မကြိုးစားပါနဲ့
နပိန်ကန်ခံခဲ့ရတာ ...
ကြာတော့လည်း
အောက်သက်ကြေနေပေါ့
မေမေရေ ...
ပုံပြင်တွေဟာ ငယ်ငယ်တုန်းကလောက်တော့ မချိုမြိန်တော့ဘူးလေ ...။



လင်းသွေးအိမ်၊တောင်ပေါ်မြေ၊

No comments:

Post a Comment