Saturday, May 10, 2014

ဟိုမရောက်ဒီမရောက် စကားစုများ


အိပ်ချင်တယ်ဗျာ။ မျက်လုံးတွေက ဖွင့်လို့မရအောင်ပဲ။ ဘာဖြစ်လို့ ဒီလောက်အိပ်ချင်နေမှန်းကိုမသိဘူး။
နေပူလို့လား။ ညက အိပ်မပျော်ခဲ့လို့လား။ ဘ၀ကပဲ ပျင်းရိညည်းငွေ့ဖွယ်ကောင်းလွန်းလို့လား။
ဘာကြောင့်ရယ်တော့ မသိဘူး။ လောလောဆယ် အိပ်ချင်နေတာကတော့ အသေအချာပဲ။တကယ်တော့
အိပ်တယ်ဆိုတာ သေခြင်းအငယ်စားတစ်ခုပဲလို့ပြောကြတယ်။ ဟိုကောင်များ အိပ်နေလိုက်တာ သေနေတဲ့
အတိုင်းပဲဆိုတဲ့ စကား ခင်ဗျားတို့လည်းကြားဖူးကြမှာပါ ။
အဲသလိုပြောလို့ ကျွန်တော် ခဏလောက်များ သေချင်နေလားမသိဘူး။ သေတာဟာ ငြိမ်းချမ်းသလား။
အေးစက်တည်ငြိမ်တယ်လို့ပြောနိုင်မလား ။ ကျွန်တော်တော့ မပြောတတ်ပါဘူး။
လောလောဆယ်တော့ အရမ်းအရမ်းကို အိပ်ချင်နေမိတယ်။ မာရီလင်မွန်ရိုးက ဘ၀ကို တကယ်ပဲညည်းငွေ့
ခဲ့လေသလား။ အဲဒီ့မင်းသမီးရှိသေးရင် ကျွန်တော်သွားမေးမိမယ်ထင်တယ်။ ဘ၀ဟာ စိတ်ပျက်ခြောက်သွေ့ စရာ ကောင်းသလား။ ပျော်ရွှင်ဖို့မကောင်းဘူးလား။ ငယ်ငယ်တုန်းက စိတ်ပညာ
စမ်းသပ်မှုမေးခွန်းတွေဖြေတုန်းကတော့ ဘ၀ဆိုတာ ပျော်စရာကြီးပါ ၊ဘ၀ဆိုတာ ဘနဲ့ဝပေါင်းထားခြင်းပဲ
တို့ ဘာတို့ ပြောခဲ့ဖူးတယ်။
အခုရော ဘ၀မှာ ဘာတွေဘာလိုဆက်လုပ်ပြီး ဘာတွေဆက်ဖြည့်ဆည်းရမှာဆိုတာ ကျွန်တော်မတွေး
တတ်သေးပါဘူး။ လူဆိုတာ သေခြင်းနဲ့ မကင်းလွှတ်ဘူးဆိုတာတော့ သိနေပြီဆိုပါတော့။ ဒီလိုဆို ဘ၀ဟာ
ဘာများပြောစရာ ကောင်းမလဲဗျာ ။
 အရှူံးပေးခြင်းတွေနဲ့ တော့အဆုံးမသတ်ချင်သေးတာတော့အမှန်ပါပဲ ။ဘာပဲဖြစ်ဖြစ် အပြည့်အ၀ထိုက်တန်စွာ ငါနေရမှာပဲ ဆိုတဲ့ အဆိုအမိန့်ဆရာကြီးတွေလို မာမာထန်ထန်ပြောပစ်ချင်သေးတာပါပဲ ။


လင်းသွေးအိမ်၊တောင်ပေါ်မြေ၊

No comments:

Post a Comment